Showing posts with label သစ်ကောင်းအိမ်. Show all posts
Showing posts with label သစ်ကောင်းအိမ်. Show all posts

Tuesday, December 29, 2009

သားလေးမြိုင်ရပ်နှင်

အဖေ့ပြည်တွင်းရေးမှာ
ကျနော်က စစ်ပြေးဒုက္ခသည်
ဘ၀နယ်နိမိတ်မျဉ်းစပ်မှာ
သံဆူးကြိုးအထပ်ထပ်နဲ့
လက်နက်ကိုင်အစောင့်အကြပ်တွေကြား
ကျနော်လူလားမြောက်လာ

ကျနော်ငှက်ဥနှိုက်တမ်း မကစားဖူးဘူး
ကြီးပြင်းလာတော့ ပျားဖွတ်သမားလည်း မဟုတ်ဘူး

ကျနော့်နိုင်ငံစစ်ရှုံးတော့
သားလေးက သုံ့ပန်း
တကျွန်းစံ၊ နံရံပေါ်ဝလုံးရေးကျင့်ရင်း
လောကယမ်းငွေ့တွေကြား
ဖေဖေ့ရုပ်ပုံလွှာ မင်းပုံဖော်ကြည့်နေမလား

ဖေဖေ ငှက်ဥနှိုက်တမ်းမကစားဖူးဘူး
ကြီးပြင်းလာတယ် ပျားဖွတ်သမားလည်း မဟုတ်ခဲ့ဘူး။ ။

(ဟန်သစ်မဂ္ဂဇင်း ၂၀၀၂)
(ပိတောက်မြေမဂ္ဂဇင်း ၂၀၀၄)